• ဗမာစာ
  • English

AML / CFT ဆိုင်ရာ သတိပြုလိုက်နာရန် အချက်များ နှင့် Fraud Risk Management သင်တန်း ပို့ချခြင်း

AML/CFT ဆိုင်ရာ သတိပြုလိုက်နာရန် အချက်များနှင့် Fraud Risk Management သင်တန်းပို့ချခြင်းကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၉)ရက်တွင် မြဝတီဘဏ်လီမိတက်(ရန်ကုန်)၌ Video Conferencing ဖြင့် သင်တန်းဖွင့်လှစ်ခဲ့ရာ မြဝတီဘဏ်လီမိတက် အမှုဆောင်အရာရှိချုပ် ဦးယုလွင်နှင့် ဒါရိုက်တာများ၊ အကြီးတန်းအထွေထွေမန်နေဂျာများ၊ ဌာနအကြီးအကဲများ၊ မြဝတီဘဏ်လီမိတက် ဘဏ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ တွဲဖက်ကျောင်းအုပ်ကြီးနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

သင်တန်းတွင် မြဝတီဘဏ်လီမိတက် အမှုဆောင်အရာရှိချုပ်မှ ရုံးချုပ်ရှိ အရာထမ်းများနှင့် ဘဏ်ခွဲတာဝန်ခံများအား မိမိတို့ဘဏ်အတွင်း၌ Internal Fraud များ မဖြစ်ပေါ်စေရေးအတွက် မိမိတို့ဘဏ်ဝန်ထမ်းများအားလုံးကို Monitoring အမြဲပြုလုပ်၍ Check၊ Recheck၊ Countercheck ဖြင့် Internal Control Management အား စနစ်တကျ ပြုလုပ်ရန် လိုအပ်ကြောင်း၊ External ပိုင်းတွင်လည်း အဆင့်တိုင်း၌ Know Your Customer ၊ Know Your Employee ကို ကောင်းစွာသိရှိပြီး Customer Due Deligence (CDD) ဖြင့် သေချာစွာ စနစ်တကျ စိစစ်ဖို့ အရေးကြီးကြောင်း၊ ထိုကဲ့သို့ Internal နှင့် External မှ ဘဏ်ကို အသုံးချပြီး Black Money (ငွေမည်း) များ ဘဏ်ထဲသို့ မရောက်ရှိစေရေး AML နည်းဉပဒေများ၊ CBM Rules & Regulations များနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်မှသာ Fraud Risk အန္တရာယ် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေမှာ ဖြစ်ကြောင်း မှာကြားသည်။

အဆိုပါသင်တန်းကို (၃)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး မြဝတီဘဏ်လီမိတက်(ရန်ကုန်)မှ အရာထမ်း သင်တန်းသား သင်တန်းသူ (၂၈)ဦး၊ ဘဏ်ခွဲတာဝန်ခံအရာရှိ (၆၆) ဦးတို့မှ Online ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြောင်း သိရပါသည်။

နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု

  • Trade Services
  • Cash Management
  • Fund Transfers
  • FX Services
  • Corporate

ပြည်တွင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှု

  • အပ်ငွေလုပ်ငန်း
  • ချေးငွေလုပ်ငန်း
  • ငွေလွှဲလုပ်ငန်း
  • ကဒ်ဖြင့် ပေးချေမှု
  • အခြား ဝန်ဆောင်မှုများ

ဆက်သွယ်ရန်

 

ဖုန်း – (+၉၅)(ဝ၁) ၂၃၀၁၃၆၇၊ ၂၃၀၁၃၆၈၊ ၂၃၀၁၄၅၂၊ ၂၃၀၁၃၇၈၊ ၂၃၀၁၄၀၁၊ ၂၃၀၁၄၁၀၊ ၂၃၀၁၄၀၆

ဖက်စ်။ (+၉၅)(ဝ၁) ၂၃၀၁၃၉၅၊ ၂၃၀၁၄၅၀၊ ၂၃၀၁၄၀၂၊ ၂၃၀၁၄၂၂၊ ၂၃၀၁၄၂၃

လိပ်စာ။ အမှတ် (၁၅၁)၊ (၈) ရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။