• ဗမာစာ
  • English

စာရင်းပိုထုတ်ချေးငွေ

9

လူကြီးမင်းတို့၏ လုပ်ငန်းများအတွက် လှည့်လည်သုံးစွဲငွေ ငွေကြေးအရင်းအနှီးများကို စာရင်းပိုထုတ်ချေးငွေ Overdraft System ဖြင့် ထုတ်ချေး ဆောင်ရွက်ပေးနေပါသည်။

9

လုပ်ငန်းအမျိုးအစား

  • Type of Business – စက်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း (ပြည်တွင်း/ပြည်ပ)၊ ထုတ်လုပ်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အခြား အထွေထွေ လုပ်ငန်းများ၊
9

အာမခံပစ္စည်း

  • မြေ – ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ ဂရန်ရှိ မြေပိုင်မြေ၊ လန-၃၉ ရပြီး မြေ၊ လန-၃ခ ရပြီး မြေ (သီးခြား ကန့်သတ်ချက်ပါရှိခြင်း မရှိသော မြေများ) (အမည်ပေါက် ပိုင်ဆိုင်ရပါမည်)
  • အဆောက်အဦး – အနိမ့်ဆုံးအဆင့် အုတ်ညှပ် အဆောက်အဦးပါရှိရမည်။ (မြေကွက်သက်သက်အာမခံအားရယူ၍ ထုတ်ချေးခြင်း မပြုသကဲ့သို့ အာမခံမဲ့လည်း ထုတ်ချေးခြင်းမပြုပါ။)
  • ထုတ်ချေးငွေပမာဏ – လုပ်ငန်းအခြေအနေ ကောင်းမွန်မှုနှင့် လုပ်ငန်းလည်ပတ်ရန်၊ တိုးချဲ့လုပ်ကိုင်ရန် ရင်းနှီးငွေ လိုအပ်ချက်အတွက် အာမခံပစ္စည်း၏ တန်ဖိုးအပေါ် ဘဏ်မှသတ်မှတ်ရာခိုင်နှုန်းထက်မများသော ပမာဏ တစ်ရပ် ထုတ်ချေးပါသည်။
  • လုပ်ငန်းအတွေ့အကြုံ – သင့်တင့်လျှောက်ပတ်သော လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်း အတွေ့အကြုံ ရှိရပါမည်။ အနည်းဆုံး(၃)နှစ်
  • အတိုးနှုန်း – တစ်နှစ်လျှင် (၁၀%)ဖြင့် ထုတ်ယူသည့် ပမာဏပေါ်တွင် သုံးစွဲသည့် ကာလအလိုက် တွက်ချက်ပါသည်။ ပြက္ခဒိန်နှစ် (၃)လတစ်ကြိမ် အတိုးပေးသွင်းရပါမည်။ အတိုးကျော်လွန်ငွေ (ရှိလျှင်)ပေါ်တွင်လည်း ၄င်းအတိုးနှုန်းအတိုင်း ကောက်ခံပါမည်။ အခါအားလျော်စွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ထုတ်ပြန်သော အတိုးနှုန်းသို့ ပြောင်းလဲနိုင်ပါသည်။ (ထုတ်ချေးငွေအပေါ် ဝန်ဆောင်ခ လုံးဝ (လုံးဝ) ရယူခြင်းမပြုပါ။)
  • အခြားသောစရိတ် – ချေးငွေရာဇဝင် စစ်ဆေးမှု မှတ်တမ်းထုတ်ယူခ၊ စာချုပ်စာတမ်း စစ်ဆေးခ၊ အပေါင်ပစ္စည်း တန်ဖိုးဖြတ်ခနှင့် အာမခံ ပရီမီယံကြေးမှအပ ကနဦးအနေဖြင့် အခြားသော စရိတ်မရှိပါ။
  • အခွန်အခ – ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အခါအားလျော်စွာ ထုတ်ပြန် ထားသော တံဆိပ်ခေါင်းခွန် နှုန်းထားအတိုင်း ကပ်နှိပ်ရပါမည်။
  • ချေးငွေသက်တမ်း – (တစ်) နှစ်သက်တမ်း။

နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု

  • Trade Services
  • Cash Management
  • Fund Transfers
  • FX Services
  • Corporate

ပြည်တွင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှု

  • အပ်ငွေလုပ်ငန်း
  • ချေးငွေလုပ်ငန်း
  • ငွေလွှဲလုပ်ငန်း
  • ကဒ်ဖြင့် ပေးချေမှု
  • အခြား ဝန်ဆောင်မှုများ

ဆက်သွယ်ရန်

 

ဖုန်း – (+၉၅)(ဝ၁) ၂၃၀၁၃၆၇၊ ၂၃၀၁၃၆၈၊ ၂၃၀၁၄၅၂၊ ၂၃၀၁၃၇၈၊ ၂၃၀၁၄၀၁၊ ၂၃၀၁၄၁၀၊ ၂၃၀၁၄၀၆

ဖက်စ်။ (+၉၅)(ဝ၁) ၂၃၀၁၃၉၅၊ ၂၃၀၁၄၅၀၊ ၂၃၀၁၄၀၂၊ ၂၃၀၁၄၂၂၊ ၂၃၀၁၄၂၃

လိပ်စာ။ အမှတ် (၁၅၁)၊ (၈) ရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။