• ဗမာစာ
  • English

အနာဂတ် အစီအစဉ်များ

ခေတ်နှင့်အညီ စွမ်းရည်ပြည့်ဝသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုဖြင့် ဖောက်သည်များ၏ စိတ်ကျေနပ်မှုကို ဆောင်ကျဉ်းပေးရာ၌ အကောင်းဆုံးဘဏ်တစ်ခုဖြစ်ရေးဟူသည့် အနာဂတ်မျှော်မှန်းချက် Vision နှင့်အညီ ပြည်သူအများ အားထားယုံကြည်စိတ်ချရစေမည့် တောင့်တင်းခိုင်မာသောဘဏ်ဖြစ်လာ စေရန်အတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ခိုင်မာသော ဘဏ်စည်းမျဉ်းများ၊ စံနှုန်းများဖြင့် စနစ်တကျဆောင်ရွက်ရန်

ခေတ်မီတိုးတက်လျက်ရှိသော ICT နည်းပညာများဖြင့် Online စနစ်အသုံးပြု၍ ဗဟိုဘဏ်၏ လမ်းညွှန်ချက်အရ MIS Reporting System နှင့် Credit Bureau ပိုင်းဆိုင်ရာများအား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး New Product များအကောင်အထည်ဖော်မှုတွင် လိုအပ်သော ICT ပိုင်းဆိုင်ရာများအား ဆက်လက်ဆောင်ရွက်သွားရန်။

နိုင်ငံခြားဘဏ်လုပ်ငန်းကို အခြားပုဂ္ဂလိကဘဏ်များနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရန်အတွက် ၀န်ထမ်းများအား စနစ်တကျ လေ့ကျင့်သင်ကြားပေးရန်နှင့် အရည်အချင်းနှင့် အရည်အသွေးပြည့်၀သော ဘဏ်၀န်ထမ်း ကောင်းများဖြစ်လာစေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ရန်။

ဒေသတစ်ခုမှတစ်ခုသို့ ငွေကြေးစီးဆင်းမှုလွယ်ကူမြန်ဆန်စေပြီး၊ ငွေကြေးအရင်းအမြစ်များ ပံ့ပိုး ကူညီပေးနိုင်ရန်၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်၊ ပြည်တွင်းဘဏ်လုပ်ငန်း ကွန်ယက်စနစ်ကို ချဲ့ထွင်လုပ်ကိုင်နိုင်ရန်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက်၏ လက်အောက်ခံ လုပ်ငန်းအဖွဲ့အစည်းများကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးနိုင်ရန် အတွက် Channel Expansion အနေဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး၊ စီးပွားရေး အချက်အချာကျသော မြို့ကြီးများတွင် ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ရန်။

နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု

  • Trade Services
  • Cash Management
  • Fund Transfers
  • FX Services
  • Corporate

ပြည်တွင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှု

  • အပ်ငွေလုပ်ငန်း
  • ချေးငွေလုပ်ငန်း
  • ငွေလွှဲလုပ်ငန်း
  • ကဒ်ဖြင့် ပေးချေမှု
  • အခြား ဝန်ဆောင်မှုများ

ဆက်သွယ်ရန်

 

ဖုန်း – (+၉၅)(ဝ၁) ၂၃၀၁၃၆၇၊ ၂၃၀၁၃၆၈၊ ၂၃၀၁၄၅၂၊ ၂၃၀၁၃၇၈၊ ၂၃၀၁၄၀၁၊ ၂၃၀၁၄၁၀၊ ၂၃၀၁၄၀၆

ဖက်စ်။ (+၉၅)(ဝ၁) ၂၃၀၁၃၉၅၊ ၂၃၀၁၄၅၀၊ ၂၃၀၁၄၀၂၊ ၂၃၀၁၄၂၂၊ ၂၃၀၁၄၂၃

လိပ်စာ။ အမှတ် (၁၅၁)၊ (၈) ရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။