• ဗမာစာ
  • English

စာရင်းရှင် အပ်ငွေစာရင်း (Current Deposit Account)

9

ပုဂ္ဂိုလ်တစ်ဦးချင်း၊ တွဲဖက်၊ အဖွဲ့အစည်း (ပုဂ္ဂလိကလုပ်ငန်း၊ ကုမ္ပဏီ၊ ကော်ပိုရေးရှင်း၊ ကုန်တိုက်) စာရင်းများအား ဘဏ်တွင် စာရင်း ဖွင့်ထားသူနှစ်ဦး၏ ထောက်ခံချက်ဖြင့် စာရင်းဖွင့်လှစ်နိုင်သည်။

9

စာရင်းရှင် စာရင်းအပ်ငွေအတွက် ချက်လက်မှတ်စာအုပ် (Cheque Book ) ထုတ်ပေးပါသည်။

9

မြဝတီ ဘဏ်ခွဲများရှိ မည်သည့် ဒေသတွင် မဆိုငွေသွင်း / ငွေထုတ် / စာရင်းပြောင်းခြင်းများ ဆောင်ရွက် နိုင်ပြီး ကော်မရှင်ခကို ထုတ်ယူသည့် ပမာဏအလိုက် ငွေလွှဲခ နှုန်းထားအတိုင်း ကောက်ခံပါမည်။

9

ငွေထုတ်ခြင်း / စာရင်း ပြောင်းခြင်းများ ပြုလုပ်လိုလျှင် စာရင်းပိုင်ရှင် လက်မှတ်ရေး ထိုးထားသော ချက်လက်မှတ်အား ဘဏ်သို့ တင်ပြရပါမည်။

9

စာရင်းရှင် အပ်ငွေစာရင်းတွင် ငွေလက်ကျန် မလုံလောက်ပါက ငွေစုဘဏ် အပ်ငွေစာရင်း (သို့မဟုတ်) ခေါ်ယူအပ်ငွေစာရင်းမှ Auto Link စနစ်ဖြင့် အလိုအလျောက် စာရင်းပြောင်းရန် စာရင်းပိုင်ရှင်မှ ဘဏ်သို့ ညွှန်ကြားချက် ပေးထားနိုင်ပါသည်။

9

အခြား ပုဂ္ဂလိကဘဏ်များ၏ ချက်လက်မှတ်ဖြင့် မိမိတို့ မြဝတီဘဏ်စာရင်းသို့ စာရင်းပြောင်း ထည့်သွင်းခြင်း၊ မိမိတို့ မြဝတီဘဏ် ချက် လက်မှတ်ဖြင့်လည်း အခြားပုဂ္ဂလိက ဘဏ်များစာရင်းသို့ စာရင်းပြောင်း ထည့်သွင်းခြင်းတို့ကို စာရင်းရှင်းစနစ် (Clearing System) ဖြင့် ဆောင်ရွက်ပေးပါသည်။

 

ကနဦးအပ်ငွေ  ကျပ်- ၅,၀၀၀/-
Current Deposit (Special Cash Only)  ကျပ်- ၁၀၀,၀၀၀/-
အနည်းဆုံးထားရှိရမည့်လက်ကျန်ငွေ  ကျပ်- ၁,၀၀၀/-

အားသာချက်

  • အတိုး မရရှိသော်လည်း စာရင်းရှင်စာရင်းနှင့် ချိတ်ဆက်နိုင်သည့် စာရင်းများ (ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ) မှ အတိုးခံစား ခွင့်ရှိပါသည်။
  • ငွေပမာဏ၊ အကြိမ်အရေအတွက် အကန့်အသတ်မရှိ အသွင်းအထုတ် ပြုလုပ်နိုင်ပါသည်။
  • ငွေသားသယ်ဆောင်ရန် မလိုဘဲ ချက်လက်မှတ်ဖြင့် ငွေပေး၊ ငွေယူ ကိစ္စရပ်များကို အလွယ်တကူ ပြုလုပ်နိုင်ပါသည်။
  • ဘဏ်ရှင်းတမ်း (Bank Statement) ထုတ်ပေးပါသဖြင့် မိမိစာရင်း၏ ငွေသွင်း၊ ငွေထုတ်အား တိကျမှန်ကန်စွာ သိရှိနိုင်ပါသည်။

နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု

  • Trade Services
  • Cash Management
  • Fund Transfers
  • FX Services
  • Corporate

ပြည်တွင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှု

  • အပ်ငွေလုပ်ငန်း
  • ချေးငွေလုပ်ငန်း
  • ငွေလွှဲလုပ်ငန်း
  • ကဒ်ဖြင့် ပေးချေမှု
  • အခြား ဝန်ဆောင်မှုများ

ဆက်သွယ်ရန်

 

ဖုန်း – (+၉၅)(ဝ၁) ၂၃၀၁၃၆၇၊ ၂၃၀၁၃၆၈၊ ၂၃၀၁၄၅၂၊ ၂၃၀၁၃၇၈၊ ၂၃၀၁၄၀၁၊ ၂၃၀၁၄၁၀၊ ၂၃၀၁၄၀၆

ဖက်စ်။ (+၉၅)(ဝ၁) ၂၃၀၁၃၉၅၊ ၂၃၀၁၄၅၀၊ ၂၃၀၁၄၀၂၊ ၂၃၀၁၄၂၂၊ ၂၃၀၁၄၂၃

လိပ်စာ။ အမှတ် (၁၅၁)၊ (၈) ရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။