• ဗမာစာ
  • English

အထွေထွေလုံခြုံရေးလမ်းညွှန် (PDF)

၁။ အထွေထွေလုံခြုံရေးလမ်းညွှန်

အထွေထွေလုံခြုံရေးလမ်းညွှန်

မြဝတီဘဏ်၏ Internet Banking Platform သည် မြဝတီဘဏ်(MWD)မှ Customer များ အတွက် Internet Banking Service များပြုလုပ်ရာတွင် လုံခြုံစိတ်ချရအောင် ဆောင်ရွက် ပေးနိုင်အောင် ပြုလုပ်ထားသော Online Banking Web Site တစ်ခုဖြစ်ပါသည်။ MWD ဘဏ်တွင် နောက်ဆုံးပေါ် လုံခြုံရေးနည်းပညာများဖြင့် သင်၏ကိုယ်ပိုင်အချက်အလက်များနှင့် ငွေကြေးများကို လုံခြုံစိတ်ချ ရအောင် ဝန်ဆောင်မှုပေးနေပါသည်။ သို့ရာတွင် သင်၏ Account Information နှင့် အခြား ကိုယ်ရေးအချက်အလက်များကို သင်၏ Mobile Phone များနှင့် Computer များမှ တဆင့် ခိုးယူခြင်း မဖြစ်နိုင်ရန် သိရှိရမည့်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Digital Certificate အားကြည့်ရန်

Log-in ဝင်သော Page ကိုစစ်မှန်ကြောင်း အတည်ပြုနိုင်ရန် Digital Certificate အား ကြည့်ရှု့ ရပါမည်။ Web Site ၏ထိပ်တွင် စိမ်းနေသော ညွှန်ပြ ချက်တစ်ခုတွေ့မှသာ ၄င်း Web Site သည် MWD ဘဏ်၏လုံခြုံ၍ စစ်မှန်သော Web Site ဖြစ်ကြောင်း အတည်ပြုနိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် အသုံးပြုသော Browser ပေါ်မူတည်၍ ၄င်းအစိမ်း ရောင်ညွှန်ပြချက်သည် Web Site စစ်မှန်ကြောင်းပုံစံ အမျိုးမျိုးပြောင်းလဲ၍ ဖော်ပြနေနိုင်ပါသည်။ MWD Internet Banking ၏ လုံခြုံသောWebsiteLinkမှာmwdibanking.comဖြစ်ပါသည်။

Strong Password အားဖန်တီးရန်

သင်သည် Strong Password အားဖန်တီးရန်အတွက်မိမိ၏ username၊ ကိုယ်ပိုင် တယ်လီဖုန်းနံပါတ်၊ မွေးနေ့(သို့မဟုတ်) အခြား ကိုယ်ရေး အချက်အလက် များအား အသုံးပြုမှုကို ရှောင်ကြဉ်ရပါမည်။ Password အား အလွတ်ကျက် မှတ်သင့်ပါသည်။ အခြားမည်သည့်နေရာတွင်မှ ရေးမှတ်ခြင်းမပြုလုပ်သင့်ပါ။

သင်၏ကိုယ်ရေးအချက်အလက်များကာကွယ်ရန်

သင်သည် MWD internet banking password အား အခြားငွေကြေးနှင့် သက်ဆိုင်သော (သို့မဟုတ်) ငွေကြေးနှင့်မသက်ဆိုင်သော Web Site များတွင် ဥပမာ – Facebook ၊ E-mail ၊ Online စျေးဝယ်ခြင်း ဝက်ဆိုက်များ၊ အခြား Online နှင့် သက်ဆိုင်သော Web Site များတွင် Password ပုံစံတူပေးခြင်းအား ရှောင်ကြဉ်ရပါမည်။ သင်၏ Username နှင့် Password အား Browser တွင် မှတ်သားသိမ်းဆည်းခြင်းအား ရှောင်ကြဉ်ရပါမည်။
သင်၏ကိုယ်ပိုင်အချက်အလက်နှင့် ဘဏ်နှင့်သက်ဆိုင်သော အချက်အလက်များအား အခြား သူများအား အသိပေးခြင်းရှောင်ကြဉ်ပါ။ log-in ဝင်သော အချက်အလက်များကို လုံခြုံအောင် သိမ်းဆည်းပါ။ MWD ဘဏ်၏ ဝန်ထမ်းသည် သင်၏ ကိုယ်ပိုင်အချက်အလက်များကို မေးမြန်းမည် မဟုတ်ကြောင်း သတိပြု စေလိုပါသည်။
အကယ်၍ E-mail (သို့မဟုတ်) Phone Call တစ်ခုသည် သင်၏ Password အကြောင်းအရာ၊ သင်၏ Security Questions အမေးအဖြေ၊ One Time Password (OTP) အား (MWD) ဘဏ်မှ တာဝန်ရှိဝန်ထမ်းအဖြစ် ဟန်ဆောင်၍မေးပါက မည်မျှပင် ၄င်းသည်တာဝန်ရှိသူအနေဖြင့် တူစေကာမူ (MWD) ဘဏ်မှဝန်ထမ်းများသည် ယင်းအချက်အလက်များကို လုံးဝမေးမြန်းမည်မဟုတ်ကြောင်း သတိပြုရမည်ဖြစ်ပါသည်။

သင်၏ကွန်ပျူတာနှင့် မိုဘိုင်းပစ္စည်းများအားကာကွယ်ရန်

သင်၏ကွန်ပျူတာနှင့် မိုဘိုင်းပစ္စည်းများအား ဗိုင်းရပ်စ်နှင့် အခြားအန္တရာယ်ရှိ ပရိုဂရမ်များမှ ကာကွယ်ရန် သက်ဆိုင်ရာ Firewall ၊ Antivirus Software တွေကို Install လုပ်ထားရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းSoftware များ သည် Virus နှင့် ကိုယ်ပိုင် အရေးကြီးသော အချက်အလက်များအား ထောက် လှမ်းခိုးယူရာတွင် အသုံးပြုသော အခြား Software များကို သင်၏ Computer နှင့် Mobile များပေါ်မှ ဖယ်ရှားကာကွယ်ပေးနိုင်သောကြောင့်ဖြစ်သည်။
သင်၏ Computer နှင့် Mobile Phone များပေါ်တွင် Virus ရှိ/မရှိ အမြဲစစ်ဆေးပြီး Windows Operating System နှင့် Web Browser များကို အမြဲ latest/ up-to-date ဖြစ်အောင် Install ထားရမှာ ဖြစ်ပါသည်။

 

၂။ ကိုယ်ပိုင်အချက်အလက်များကို ခြိမ်းခြောက်မှု

Phishing ၊ Smishing နှင့် Key Logging စသောနည်းပညာများကို အသုံးပြုခြင်းဖြင့် မသမာသူများသည် သင်၏အရေးကြီးသော အချက်အလက်များကို ခိုးယူပိုင်ဆိုင်နိုင်ပါသည်။ ၄င်းနည်းပညာဆိုင်ရာ တိုက်ခိုက်မှုများမှ သင်၏အချက် အလက်နှင့်ငွေကြေးများကို ကာကွယ်ရန် မည်သို့ကာကွယ်ရမည်ဆိုတာကို သိရှိရန်လိုအပ်ပါသည်။

Phishing
  • Phishing ဆိုသည်မှာ သင်၏ ကိုယ်ပိုင်အချက်အလက်များနှင့် ဘဏ်နှင့် သက်ဆိုင်သော အချက်အလက်များကို Electronic နည်းပညာဖြင့် ခိုးယူပိုင်ဆိုင်နိုင်သော နည်းပညာတစ်ခု ဖြစ်သည်။ မသမာသူများသည် သင်၏ ကိုယ်ပိုင် အချက်အလက်များကို E-mail (သို့မဟုတ်) Phone မှတဆင့် အောက်ပါ အတိုင်း ရယူနိုင်ပါသည်။
  • မသမာသူများသည် E-mail မှတဆင့်အတုပြုလုပ်ထားသော MWD ဘဏ်၏ Internet Banking Web Site Link ကိုပေးပို့၍ သင့်ဆီမှ အချက်အလက်များကို ရယူနိုင်ပါသည်။ သင်သည် ၄င်း E-mail မှ Link အားနှိပ်လိုက်သည်နှင့်တစ်ပြိုင်နက် MWD ဘဏ်၏ Internet Banking Web Site ပုံစံပြုလုပ်ထားသော Web Site အတုသို့ရောက်ရှိနိုင်ပြီး သင်၏အရေးကြီးသော ဘဏ်နှင့်သက်ဆိုင် သည့် ကိုယ်ပိုင်အချက်အလက်များ ဥပမာ – Username ၊ Password ၊ Token Password စသည့် အချက်အလက်များကို ရိုက်သွင်း လိုက်သည်နှင့်တစ်ပြိုင်နက် မသမာသူများမှ ရယူ သွားနိုင်ပါသည်။
  • မသမာသူများသည် သင့်ထံသို့ MWD ဘဏ်မှ တာဝန်ရှိသူ ဝန်ထမ်း တစ်ယောက်အနေဖြင့် ဖုန်းခေါ်ဆို၍ သင်၏ကိုယ်ပိုင်အချက်အလက် များ ဥပမာ – Username ၊ Password ၊ Token Passwordတို့ကိုမေးမြန်း၍ရယူသွားနိုင်ပါသည်။
Smishing
  • Smishing သည်လည်း Phishing ကဲ့သို့ပင်ဖြစ်ပါသည်။ မသမာသူများ သည် သင့်ထံသို့ SMS ပေးပို့ခြင်းဖြင့် သင်၏ ကိုယ်ပိုင်အချက်အလက်များကို အောက်ပါအတိုင်း ရယူခြင်းဖြစ်ပါသည်။
  • မသမာသူများသည် သင့်ထံသို့ MWD ဘဏ်မှတာဝန်ရှိသူ တစ်ယောက်အနေဖြင့် ဟန်ဆောင်၍ မကြာခင်တွင် သင့်ထံသို့ ဖုန်းခေါ်ဆိုမှုတစ်ခု ရောက်ရှိမည်ဖြစ်ပြီး သင်၏ ကိုယ်ပိုင်အချက် အလက်နှင့် Password များကို တောင်းဆိုမည်ဖြစ် ကြောင်း SMS အရင်ပေးပို့ပါလိမ့်မည်။ ၄င်းသည် မကြာမီ အချိန်တွင် ဖုန်းခေါ်ဆို ပါလိမ့်မည်။ ((MWD) ဘဏ်မှဝန်ထမ်းများသည် သင်၏ ကိုယ်ပိုင် အချက်အလက်များကို မေးမြန်းမည်မဟုတ်ကြောင်း သတိပြုပါ။)
  • မသမာသူများသည် သင့်ကို SMS ဖြင့်သာ ဆက်သွယ်၍ သင်၏ ကိုယ်ပိုင်အချက်အလက်များကို မေးမြန်းနိုင်ပါသည်။
Keyloggers
  • တစ်ခါတစ်ရံတွင် မသမာသူတို့သည် Keyloggers ဟုခေါ်သော သေးငယ်သောပစ္စည်းကို ကွန်ပျူတာများပေါ်တွင် တပ်ဆင်ပါသည်။ ယင်းကို တပ်ဆင်ခြင်းအားဖြင့် မသမာသူတို့သည် သင်အသုံးပြုနေသော ကွန်ပျူတာတွင် ကြည့်ရှု့နေသော အချက်အလက်ကိစ္စများနှင့် Keyboard ပေါ်တွင် ရိုက်နှိပ်လိုက်သည်များကို ကြည့်ရှု့ခွင့်ရရှိမည်ဖြစ်ပြီး ထိုမှတဆင့် သင်၏ကိုယ်ပိုင် အချက်အလက်များနှင့် Password များကိုရရှိအသုံးပြုနိုင်မည်ဖြစ်သည်။

၃။ အခြေခံသိရှိရမည့် အချက်အလက်များ

  • မိမိနှင့်မသိရှိသောသူတို့မှ ပေးပို့သော အီးမေးများနှင့်၄င်း အီးမေး တို့တွင် ပါဝင်သော attachment များ၊ Links များကိုနှိပ်၍ ကြည့် ရှုခြင်းနှင့်ဖတ်ရှုခြင်းတို့ကို ရှောင်ကြဉ်ပါ။ (ညံ့ဖျင်းသော grammar အရေးအသားနှင့် စာလုံးပေါင်းသတ်ပုံများ မှားယွင်းစွာပါရှိသည့် အီးမေးများသည် အဓိက ရှောင်ကြဉ်ရန် လိုအပ်သော အီးမေး များဖြစ်ကြောင်း ညွန်ပြခြင်းဖြစ်သည်။)
  • အများနှင့်သက်ဆိုင်သောနေရာများ၊ အင်တာနက်ကဖီးဆိုင် များမှ Internet Banking Website ကိုအသုံးပြုခြင်းနှင့် Transaction ပြုလုပ်ခြင်းကို အထူးရှောင်ကြဉ်ပါ။ အဘယ်ကြောင့်ဆိုသော် မသမာသူတို့သည် ၄င်းနေရာများမှ Spyware ဟုခေါ်သော Software များကိုထည့်သွင်းထားခြင်းဖြင့် သင်၏ Username နှင့် Password များကို ယင်းကွန်ပျူတာများထဲတွင် မှတ်ယူထားနိုင်သော ကြောင့်ဖြစ် သည်။
  • သင်၏ဘဏ်ထဲတွင်ရှိသော Balance နှင့် Transaction များကို မကြာခဏစစ်ဆေးပြီး သံသယရှိစရာများကို တွေ့ရှိက MWD Bank ကို အမြန်ဆုံးအကြောင်းကြားပါ။
  • သင်၏ Mobile Phone (သို့မဟုတ်) Secure Token ပျောက်ဆုံးပါက MWD Bank သို့ အမြန်ဆုံးဆက်သွယ်ပါ။

၄။ မိုဘိုင်း device များကိုကာကွယ်ခြင်း

  • သင်သည် Internet Banking ပြုလုပ်ရာတွင် jailbreak ပြုလုပ်ထားသော ios device များ (သို့မဟုတ်) root ဖောက်ထားသော andriod device များပေါ်တွင် အသုံးပြုခြင်းကို ရှောင်ကြဉ်ရပါမည်။ ထိုကဲ့သို့သော မိုဘိုင်း device များသည် Virus များနှင့် အခြားအန္တရာယ်ရှိ Software များကပ်ညှိနေနိုင်သောကြောင့်ဖြစ်သည်။

နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု

  • Trade Services
  • Cash Management
  • Fund Transfers
  • FX Services
  • Corporate

ပြည်တွင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှု

  • အပ်ငွေလုပ်ငန်း
  • ချေးငွေလုပ်ငန်း
  • ငွေလွှဲလုပ်ငန်း
  • ကဒ်ဖြင့် ပေးချေမှု
  • အခြား ဝန်ဆောင်မှုများ

ဆက်သွယ်ရန်

 

ဖုန်း – (+၉၅)(ဝ၁) ၂၃၀၁၃၆၇၊ ၂၃၀၁၃၆၈၊ ၂၃၀၁၄၅၂၊ ၂၃၀၁၃၇၈၊ ၂၃၀၁၄၀၁၊ ၂၃၀၁၄၁၀၊ ၂၃၀၁၄၀၆

ဖက်စ်။ (+၉၅)(ဝ၁) ၂၃၀၁၃၉၅၊ ၂၃၀၁၄၅၀၊ ၂၃၀၁၄၀၂၊ ၂၃၀၁၄၂၂၊ ၂၃၀၁၄၂၃

လိပ်စာ။ အမှတ် (၁၅၁)၊ (၈) ရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။