• ဗမာစာ
  • English

ငွေစုဘဏ် အပ်ငွေစာရင်း

9

ပုဂ္ဂိုလ်တစ်ဉီးချင်း၊ တွဲဖက်၊ အဖွဲ့အစည်း (ပုဂ္ဂလိကလုပ်ငန်း၊ ကုမ္ပဏီ၊ ကော်ပိုရေးရှင်း၊ ကုန်တိုက်) စာရင်းများအားဘဏ်တွင် စာရင်းဖွင့်ထားသူ နှစ်ဦး၏ ထောက်ခံချက်ဖြင့် စာရင်းဖွင့်လှစ်နိုင်သည်။

9

အရွယ်မရောက်သေးသူ ကလေးငယ်၏ အမည်ဖြင့် မိဘအုပ်ထိန်းသူ (သို့) အခွင့်အာဏာရ တရား ရုံးတော်မှ ခန့်အပ်ထားသောအုပ်ထိန်းသူမှ ပူးတွဲ၍ စာရင်းဖွင့်လှစ်နိုင်ပါသည်။

9

ကလေးအရွယ်ရောက်ပါက ငွေထုတ်ယူနိုင်ရန်အတွက် ကလေးအသက်(၁၈) နှစ်ပြည့်သည့်နေ့တွင် စာရင်းများ ဖွင့်လှစ်ရပါမည်။

9

မြဝတီဘဏ်ခွဲများရှိရာ မည်သည့်ဒေသတွင်မဆို ငွေသွင်း/ ငွေထုတ်/ စာရင်းပြောင်းခြင်းများ ပြုလုပ်နိုင်ပြီး ငွေလွှဲခနှုန်းထားအတိုင်း ကောက်ခံပါသည်။

9

ငွေစုဘဏ်အပ်ငွေအတွက် ငွေစုစာအုပ် (Saving Passbook) ထုတ်ပေးပါမည်။

9

ငွေသွင်း/ ငွေထုတ် ပြုလုပ်လိုပါက ငွေစုဘဏ်စာအုပ်ကို ဘဏ်သို့ယူဆောင်လာပြီး ငွေထုတ်ပုံစံပေါ်တွင် စာရင်းပိုင်ရှင်မှ လက်မှတ်ရေးထိုး၍ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ဆောင်ရွက်နိုင်ပါသည်။

9

စာရင်းပိုင်ရှင်၏ဆန္ဒအရ ငွေစုဘဏ်စာရင်းမှ ကတ်စာရင်း(သို့) စာရင်းရှင်စာရင်းတို့နှင့် ချိတ်ဆက်၍ အလိုအလျောက် စာရင်းပြောင်းလိုပါက စာရင်းပိုင်ရှင်မှ ဘဏ်သို့ ညွှန်ကြားချက် ပေးထားနိုင်ပါသည်။

ကနဦးအပ်ငွေ – ကျပ် ၁၀၀၀
အနည်းဆုံး ထားရှိရမည့် လက်ကျန်ငွေ – ကျပ် ၁၀၀၀

အတိုးနှုန်း

  • ကုမ္ပဏီအဖွဲ့အစည်းများ၏ ငွေစုဘဏ်အပ်ငွေအပေါ်ပေးသည့် အတိုးနှုန်းများကို တစ်နှစ်လျှင် ၆.၅% ဖြင့်တွက်ချက်၍ (၃)လတစ်ကြိမ် အတိုးထည့်သွင်းပေးပါမည်။
  • ပုဂ္ဂလိက(တစ်ဦးချင်း / ပူးတွဲ) စာရင်းများ၏ ငွေစုဘဏ်အပ်ငွေအပေါ်ပေးသည့်အတိုးနှုန်းများကို တစ်နှစ်လျှင် ၇% ဖြင့်တွက်ချက်၍ (၃)လ တစ်ကြိမ် အတိုးထည့်သွင်းပေးပါမည်။
  • လစဉ်လဆန်း (၅)ရက်အတွင်း သွင်းငွေများနှင့် လကုန်ရက်အတွင်း ငွေစုဘဏ်စာရင်းတွင်ရှိသည့် အနည်းဆုံး လက်ကျန်ငွေပေါ်တွင် အတိုးတွက်ချက် ပေးပါသည်။

နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု

  • Trade Services
  • Cash Management
  • Fund Transfers
  • FX Services
  • Corporate

ပြည်တွင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှု

  • အပ်ငွေလုပ်ငန်း
  • ချေးငွေလုပ်ငန်း
  • ငွေလွှဲလုပ်ငန်း
  • ကဒ်ဖြင့် ပေးချေမှု
  • အခြား ဝန်ဆောင်မှုများ

ဆက်သွယ်ရန်

 

ဖုန်း – (+၉၅)(ဝ၁) ၂၃၀၁၃၆၇၊ ၂၃၀၁၃၆၈၊ ၂၃၀၁၄၅၂၊ ၂၃၀၁၃၇၈၊ ၂၃၀၁၄၀၁၊ ၂၃၀၁၄၁၀၊ ၂၃၀၁၄၀၆

ဖက်စ်။ (+၉၅)(ဝ၁) ၂၃၀၁၃၉၅၊ ၂၃၀၁၄၅၀၊ ၂၃၀၁၄၀၂၊ ၂၃၀၁၄၂၂၊ ၂၃၀၁၄၂၃

လိပ်စာ။ အမှတ် (၁၅၁)၊ (၈) ရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။