• ဗမာစာ
  • English

နိုင်ငံခြားငွေ စာရင်းဖွင့်လှစ်ခြင်း ဝန်ဆောင်မှုများ (International Banking Services)

9

မြဝတီဘဏ်လီမိတက်၊ နိုင်ငံခြားသုံးငွေ လုပ်ငန်းဌာနအနေဖြင့် နိုင်ငံခြားသုံးငွေ လဲလှယ်ရေး လုပ်ငန်း (Money Changer) နှင့် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်း (International Banking Service) ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

9

နိုင်ငံခြားငွေကြေးများဖြစ်သော အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ၊ ထိုင်းဘတ်တို့ဖြင့် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခြင်းကို လုပ်ငန်းဆောင်ရွက်မှု အထောက်အထား စာရွက်စာတမ်းများ တင်ပြ၍ ကနဦးအပ်ငွေ (Initial Deposit) နိုင်ငံခြားငွေအနည်းဆုံး (၁၀၀) ယူနစ်ဖြင့် စာရင်း ဖွင့်လှစ်နိုင်ပါသည်။

နိုင်ငံတကာငွေလွှဲလုပ်ငန်းများ (International Remittance)

  • ပြည်ပဘဏ်များမှ မြန်မာနိုင်ငံ မြဝတီဘဏ်သို့ ငွေလွှဲပေးပို့ခြင်း(Inward Remittance) နှင့် မြန်မာနိုင်ငံ မြဝတီဘဏ်မှ ပြည်ပဘဏ်များမှတစ်ဆင့် ငွေလွှဲပေးပို့ခြင်း (Outward Remittance) လုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဉပဒေ၊ နည်းဉပဒေတို့နှင့်အညီ S.W.I.F.T ဖြင့် လျှင်မြန်စွာ ဆောင်ရွက်ပေးပါသည်။
  • အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ငွေပေးချေခြင်းများအတွက် အောက်ပါ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည် –

ပို့ကုန်နှင့်ပတ်သက်သောဝန်ဆောင်မှုများ (Export Services)

  • ပို့ကုန်ငွေလွှဲစာတမ်းအကြောင်းကြားခြင်း (Export L/C Advising)
  • ပို့ကုန်ကြိုတင်ချေးငွေများ / ပို့ကုန်တင်ပို့ပြီးနောက်ချေးငွေထုတ်ချေးခြင်းဝန်ဆောင်မှု (Export Financing Service (Pre Shipment / Post Shipment))

သွင်းကုန်နှင့်ပတ်သက်သောဝန်ဆောင်မှုများ (Import Services)

  • Letter of Credit ဖွင့်လှစ်ခြင်း (L/C Opening)
    L/C ဖွင့်လှစ်ရာတွင် သင့်လျော်သော Marginal Deposit ကို လက်ခံဆောင်ရွက်ပေးပါသည်။
  • Bill Handling – ဘီလ်လက်ခံဆောင်ရွက်ပေးခြင်း။
  • ကောက်ခံရေးစနစ်အရပေးပို့သောဘီလ် – Bill Under Collection များကောက်ခံပေးခြင်း။
  • Import Financing Credit Facility သွင်းကုန်လုပ်ငန်းအတွက်ငွေကြေးအထောက်အပံ့ပေးခြင်း။
  • သွင်းကုန်လုပ်ငန်းအတွက် ငွေပေးချေခြင်းများ ဆောင်ရွက်ပေးပါသည်။

ဘဏ်အာမခံလုပ်ငန်း

  • Business to Business (B2B) နှင့် Business to Government (B2G) တို့၏ ဖြစ်နိုင်ချေရှိသော ဆုံးရှုံးမှုကို လျှော့ချရန်အတွက် မြ၀တီဘဏ်မှ သင့်အတွက် တာဝန်ယူဆောင်ရွက်ပေးနေပါသည် –
  • ဘဏ်အာမခံဖွင့်လှစ်ဆောင်ရွက်ခြင်း (Bank Guarantee Issuing)
  • ထပ်ဆင့်အာမခံပြုလုပ်ခြင်း (Comfirmation)
  • ကုန်ပစ္စည်းတင်ပို့ခြင်းအာမခံ (Shipping Guarantee)
  • ဘဏ်အာမခံအကြောင်းကြားခြင်း (Bank Guarantee Advising)

နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု

  • Trade Services
  • Cash Management
  • Fund Transfers
  • FX Services
  • Corporate

ပြည်တွင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှု

  • အပ်ငွေလုပ်ငန်း
  • ချေးငွေလုပ်ငန်း
  • ငွေလွှဲလုပ်ငန်း
  • ကဒ်ဖြင့် ပေးချေမှု
  • အခြား ဝန်ဆောင်မှုများ

ဆက်သွယ်ရန်

 

ဖုန်း – (+၉၅)(ဝ၁) ၂၃၀၁၃၆၇၊ ၂၃၀၁၃၆၈၊ ၂၃၀၁၄၅၂၊ ၂၃၀၁၃၇၈၊ ၂၃၀၁၄၀၁၊ ၂၃၀၁၄၁၀၊ ၂၃၀၁၄၀၆

ဖက်စ်။ (+၉၅)(ဝ၁) ၂၃၀၁၃၉၅၊ ၂၃၀၁၄၅၀၊ ၂၃၀၁၄၀၂၊ ၂၃၀၁၄၂၂၊ ၂၃၀၁၄၂၃

လိပ်စာ။ အမှတ် (၁၅၁)၊ (၈) ရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။