• ဗမာစာ
  • English

နောက်ခံသမိုင်း

မြဝတီဘဏ်လီမိတက်သည် ၁၉၁၄ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ ပေးရန်တာဝန် ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သောကုမ္ပဏီအဖြစ် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု(သို့မဟုတ်) ဖွံ့ဖြိုးရေးဘဏ်အဖြစ် လိုင်စင်ရရှိခဲ့ပါသည်။ ယခုအခါ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေနှင့် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဉပဒေအရ ပြန်လည်ဖွဲ့စည်းထားပြီးဖြစ်ပါသည်။

မြဝတီဘဏ်ကို စတင်တည်ထောင်ခဲ့သည့် ၁၉၉၃ ခုနှစ်တွင် ခွင့်ပြုမတည်ငွေရင်း ကျပ် (၁၀ဝ၀) သန်းဖြင့် စတင်တည်ထောင်ခဲ့ပြီး ထည့်ဝင်ပြီးမတည်ငွေကျပ် (၆၀) သန်းဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ယခုအချိန်တွင် ခွင့်ပြုမတည်ငွေရင်းကို အချိန်နှင့်တပြေးညီ ထပ်မံတိုးမြှင့် ထည့်ဝင်လည်ပတ်ဆောင်ရွက်လျက်ရှိပါသည်။ အစုရှယ်ယာ၏ ၁၀ဝ% ကို မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ ထည့်ဝင်ပိုင်ဆိုင်ပါသည်။

မြဝတီဘဏ်လီမိတက်သည် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘဏ်များအသင်းအစရှိသည့် အဖွဲ့အစည်းများ၏ လမ်းညွှန်ကြီးကြပ်မှုအောက်တွင် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျက်ရှိပါသည်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဉပဒေ၊ နည်းဉပဒေ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဉပဒေ၊ နည်းဉပဒေတို့နှင့် ဗဟိုအဖွဲ့လမ်းညွှန်ချက်များ၊ ဗဟိုဘဏ်မှထပ်ဆင့်ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

မြဝတီဘဏ်လီမိတက်သည် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် လက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်သူလူထုများထံသို့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ကူညီ ထောက်ပံ့ပေးနိုင်ရန်၊ အခြားပုဂ္ဂလိကဘဏ်များနှင့်ချိတ်ဆက်၍ ငွေလွှဲလုပ်ငန်းများ၊ ငွေပေးချေမှု နည်းစနစ်များ ပိုမိုလွယ်ကူမြန်ဆန်စေရန်တို့အတွက် မြန်မာနိုင်ငံအနှံ့အပြား စီးပွားရေးအချက်အချာ ကျသောမြို့များတွင် ဘဏ်ခွဲများကို စနစ်တကျ တိုးချဲ့ဖွင့်လှစ်လျက် ရှိပါသည်။ ယခုအချိန်တွင် မြဝတီဘဏ်အနေဖြင့် ရုံးချုပ် အပါအဝင် ဘဏ်ခွဲစုစုပေါင်း (၆၇) ဘဏ် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။

မြဝတီဘဏ်လီမိတက်သည် ၄င်းတို့၏ ဖောက်သည်များ၊ အစုရှယ်ယာရှင်များနှင့် ဘဏ်နှင့်ဆက်သွယ် ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများ၏အကျိုးကိုရှေးရှု၍ ဝန်ဆောင်မှုများကို အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု

  • Trade Services
  • Cash Management
  • Fund Transfers
  • FX Services
  • Corporate

ပြည်တွင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှု

  • အပ်ငွေလုပ်ငန်း
  • ချေးငွေလုပ်ငန်း
  • ငွေလွှဲလုပ်ငန်း
  • ကဒ်ဖြင့် ပေးချေမှု
  • အခြား ဝန်ဆောင်မှုများ

ဆက်သွယ်ရန်

 

ဖုန်း – (+၉၅)(ဝ၁) ၂၃၀၁၃၆၇၊ ၂၃၀၁၃၆၈၊ ၂၃၀၁၄၅၂၊ ၂၃၀၁၃၇၈၊ ၂၃၀၁၄၀၁၊ ၂၃၀၁၄၁၀၊ ၂၃၀၁၄၀၆

ဖက်စ်။ (+၉၅)(ဝ၁) ၂၃၀၁၃၉၅၊ ၂၃၀၁၄၅၀၊ ၂၃၀၁၄၀၂၊ ၂၃၀၁၄၂၂၊ ၂၃၀၁၄၂၃

လိပ်စာ။ အမှတ် (၁၅၁)၊ (၈) ရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။