ငွေစုဘဏ် အပ်ငွေစာရင်း
ပုဂ္ဂိုလ်တစ်ဉီးချင်း၊ တွဲဖက်၊ အဖွဲ့အစည်း (ပုဂ္ဂလိကလုပ်ငန်း၊ ကုမ္ပဏီ၊ ကော်ပိုရေးရှင်း၊ ကုန်တိုက်) စာရင်းများအားဘဏ်တွင် စာရင်းဖွင့်ထားသူ နှစ်ဦး၏ ထောက်ခံချက်ဖြင့် စာရင်းဖွင့်လှစ်နိုင်သည်။
အရွယ်မရောက်သေးသူ ကလေးငယ်၏ အမည်ဖြင့် မိဘအုပ်ထိန်းသူ (သို့) အခွင့်အာဏာရ တရား ရုံးတော်မှ ခန့်အပ်ထားသောအုပ်ထိန်းသူမှ ပူးတွဲ၍ စာရင်းဖွင့်လှစ်နိုင်ပါသည်။
ကလေးအရွယ်ရောက်ပါက ငွေထုတ်ယူနိုင်ရန်အတွက် ကလေးအသက်(၁၈) နှစ်ပြည့်သည့်နေ့တွင် စာရင်းများ ဖွင့်လှစ်ရပါမည်။
မြဝတီဘဏ်ခွဲများရှိရာ မည်သည့်ဒေသတွင်မဆို ငွေသွင်း/ ငွေထုတ်/ စာရင်းပြောင်းခြင်းများ ပြုလုပ်နိုင်ပြီး ငွေလွှဲခနှုန်းထားအတိုင်း ကောက်ခံပါသည်။
ငွေစုဘဏ်အပ်ငွေအတွက် ငွေစုစာအုပ် (Saving Passbook) ထုတ်ပေးပါမည်။
ငွေသွင်း/ ငွေထုတ် ပြုလုပ်လိုပါက ငွေစုဘဏ်စာအုပ်ကို ဘဏ်သို့ယူဆောင်လာပြီး ငွေထုတ်ပုံစံပေါ်တွင် စာရင်းပိုင်ရှင်မှ လက်မှတ်ရေးထိုး၍ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ဆောင်ရွက်နိုင်ပါသည်။
စာရင်းပိုင်ရှင်၏ဆန္ဒအရ ငွေစုဘဏ်စာရင်းမှ ကတ်စာရင်း(သို့) စာရင်းရှင်စာရင်းတို့နှင့် ချိတ်ဆက်၍ အလိုအလျောက် စာရင်းပြောင်းလိုပါက စာရင်းပိုင်ရှင်မှ ဘဏ်သို့ ညွှန်ကြားချက် ပေးထားနိုင်ပါသည်။
ကနဦးအပ်ငွေ – ကျပ် ၁၀၀၀
အနည်းဆုံး ထားရှိရမည့် လက်ကျန်ငွေ – ကျပ် ၁၀၀၀
အတိုးနှုန်း
- ကုမ္ပဏီအဖွဲ့အစည်းများ၏ ငွေစုဘဏ်အပ်ငွေအပေါ်ပေးသည့် အတိုးနှုန်းများကို တစ်နှစ်လျှင် ၉% ဖြင့်တွက်ချက်၍ (၃)လတစ်ကြိမ် အတိုးထည့်သွင်းပေးပါမည်။
- ပုဂ္ဂလိက(တစ်ဦးချင်း / ပူးတွဲ) စာရင်းများ၏ ငွေစုဘဏ်အပ်ငွေအပေါ်ပေးသည့်အတိုးနှုန်းများကို တစ်နှစ်လျှင် ၉.၅% ဖြင့်တွက်ချက်၍ (၃)လ တစ်ကြိမ် အတိုးထည့်သွင်းပေးပါမည်။
- လစဉ်လဆန်း (၅)ရက်အတွင်း သွင်းငွေများနှင့် လကုန်ရက်အတွင်း ငွေစုဘဏ်စာရင်းတွင်ရှိသည့် အနည်းဆုံး လက်ကျန်ငွေပေါ်တွင် အတိုးတွက်ချက် ပေးပါသည်။
နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု
- Trade Services
- Cash Management
- Fund Transfers
- FX Services
- Corporate
ပြည်တွင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှု
- အပ်ငွေလုပ်ငန်း
- ချေးငွေလုပ်ငန်း
- ငွေလွှဲလုပ်ငန်း
- ကဒ်ဖြင့် ပေးချေမှု
- အခြား ဝန်ဆောင်မှုများ
ဆက်သွယ်ရန်
ဖုန်း – (+၉၅)(ဝ၁) ၂၃၀၁၃၆၇၊ ၂၃၀၁၃၆၈၊ ၂၃၀၁၄၅၂၊ ၂၃၀၁၃၇၈၊ ၂၃၀၁၄၀၁၊ ၂၃၀၁၄၁၀၊ ၂၃၀၁၄၀၆
ဖက်စ်။ (+၉၅)(ဝ၁) ၂၃၀၁၃၉၅၊ ၂၃၀၁၄၅၀၊ ၂၃၀၁၄၀၂၊ ၂၃၀၁၄၂၂၊ ၂၃၀၁၄၂၃
လိပ်စာ။ အမှတ် (၁၅၁)၊ (၈) ရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။