ATM တွင်ငွေလွှဲပြောင်းခြင်း ၀န်ဆောင်မှု
ငွေလွှဲပြောင်းခြင်းအား မြဝတီဘဏ်လီမိတက်၏ ATM များတွင် 24/7 ဆောင်ရွက်နိုင်ပါသည်။
တစ်ကြိမ်လျှင် စာရင်းတစ်ခုမှတစ်ခု သို့သာ လွှဲပြောင်းနိုင်ပါသည်။
တစ်ရက်လျှင်အကြိမ်အရေအတွက် အကန့်အသတ်မရှိ လွှဲပို့နိုင်ပါသည်။
ငွေလွှဲပြောင်းခြင်းအတွက် Cardholder ကိုယ်တိုင် အချက်အလက်များအား သေချာစွာ စစ်ဆေး၍ လွှဲပြောင်းရမည်ဖြစ်ပြီး မှားယွင်းလွှဲပြောင်းခြင်းများအတွက် လွှဲပြောင်းသူ၏ တာဝန်ဖြစ်ပါသည်။
၁။ မြဝတီဘဏ်လီမိတက်စာရင်းအချင်းချင်းငွေလွှဲပြောင်းခြင်း
မြဝတီဘဏ်လီမိတက်ရှိ ကတ်နှင့်ချိတ်ဆက်ထားသော စာရင်းမှ ကိုယ်ပိုင်စာရင်း (သို့မဟုတ်) အခြားစာရင်းတစ်ခုသို့ ငွေလွှဲပြောင်းခြင်းအား မြဝတီဘဏ်လီမိတက် ATM များအားလုံးတွင် ၂၄/၇ ဆောင်ရွက်နိုင်ပါသည်။
- Maximum Limit per day- 1,000,000 MMK
- Maximum Limit per transaction- 300,000 MMK
- Service Charges- (min) 200 MMK (or) 0.05% on transferred amount
၂။ ကတ်မဲ့ငွေသားထုတ်ယူခြင်းအတွက် ငွေလွှဲပြောင်းခြင်း
ကတ်မဲ့ငွေသားထုတ်ယူရန်အတွက် ကတ်နှင့်ချိတ်ဆက်ထားသောစာရင်းမှ ငွေလွှဲပေးပို့ခြင်း အား မြဝတီဘဏ်လီမိတက် ATM များ အားလုံးတွင် ၂၄/၇ ဆောင်ရွက်နိုင်ပါသည်။
- Minimum Limit per transaction– 5,000 MMK
- Maximum Limit per transaction- 300,000 MMK
- Maximum Limit per day- 1,000,000 MMK
- Service Charges- 200 MMK per transaction
၃။ ပြည်တွင်းဘဏ်အချင်းချင်းငွေလွှဲပြောင်းခြင်း (Inter Bank Fund Transfer_IBFT)
မြဝတီဘဏ်လီမိတက်နှင့် MPU အဖွဲ့ဝင်ဘဏ်များ၏ Debit Card အား အသုံးပြု၍ ကတ်နှင့် ချိတ်ဆက်ထားသောစာရင်းမှမည်သည့်စာရင်းသို့မဆို ပြည်တွင်းဘဏ်အချင်းချင်း ငွေလွှဲပြောင်းခြင်း (Inter Bank Fund Transfer (IBFT) ကို မြဝတီဘဏ် ATM များနှင့် အခြားချိတ်ဆက်ဘဏ် ATM များတွင် ၂၄/၇ ဆောင်ရွက်နိုင် ပါသည်။
- Maximum Limit per transaction- 300,000 MMK
- Maximum Limit per day- 1,000,000 MMK
- Service Charges- 200 MMK + 0.01% on transferred Amount
နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု
- Trade Services
- Cash Management
- Fund Transfers
- FX Services
- Corporate
ပြည်တွင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှု
- အပ်ငွေလုပ်ငန်း
- ချေးငွေလုပ်ငန်း
- ငွေလွှဲလုပ်ငန်း
- ကဒ်ဖြင့် ပေးချေမှု
- အခြား ဝန်ဆောင်မှုများ
ဆက်သွယ်ရန်
ဖုန်း – (+၉၅)(ဝ၁) ၂၃၀၁၃၆၇၊ ၂၃၀၁၃၆၈၊ ၂၃၀၁၄၅၂၊ ၂၃၀၁၃၇၈၊ ၂၃၀၁၄၀၁၊ ၂၃၀၁၄၁၀၊ ၂၃၀၁၄၀၆
ဖက်စ်။ (+၉၅)(ဝ၁) ၂၃၀၁၃၉၅၊ ၂၃၀၁၄၅၀၊ ၂၃၀၁၄၀၂၊ ၂၃၀၁၄၂၂၊ ၂၃၀၁၄၂၃
လိပ်စာ။ အမှတ် (၁၅၁)၊ (၈) ရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။