နိုင်ငံခြားငွေ စာရင်းဖွင့်လှစ်ခြင်း ဝန်ဆောင်မှုများ (International Banking Services)
မြဝတီဘဏ်လီမိတက်၊ နိုင်ငံခြားသုံးငွေ လုပ်ငန်းဌာနအနေဖြင့် နိုင်ငံခြားသုံးငွေ လဲလှယ်ရေး လုပ်ငန်း (Money Changer) နှင့် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်း (International Banking Service) ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံခြားငွေကြေးများဖြစ်သော အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ၊ ထိုင်းဘတ်တို့ဖြင့် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခြင်းကို လုပ်ငန်းဆောင်ရွက်မှု အထောက်အထား စာရွက်စာတမ်းများ တင်ပြ၍ ကနဦးအပ်ငွေ (Initial Deposit) နိုင်ငံခြားငွေအနည်းဆုံး (၁၀၀) ယူနစ်ဖြင့် စာရင်း ဖွင့်လှစ်နိုင်ပါသည်။
နိုင်ငံတကာငွေလွှဲလုပ်ငန်းများ (International Remittance)
- ပြည်ပဘဏ်များမှ မြန်မာနိုင်ငံ မြဝတီဘဏ်သို့ ငွေလွှဲပေးပို့ခြင်း(Inward Remittance) နှင့် မြန်မာနိုင်ငံ မြဝတီဘဏ်မှ ပြည်ပဘဏ်များမှတစ်ဆင့် ငွေလွှဲပေးပို့ခြင်း (Outward Remittance) လုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဉပဒေ၊ နည်းဉပဒေတို့နှင့်အညီ S.W.I.F.T ဖြင့် လျှင်မြန်စွာ ဆောင်ရွက်ပေးပါသည်။
- အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ငွေပေးချေခြင်းများအတွက် အောက်ပါ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည် –
ပို့ကုန်နှင့်ပတ်သက်သောဝန်ဆောင်မှုများ (Export Services)
- ပို့ကုန်ငွေလွှဲစာတမ်းအကြောင်းကြားခြင်း (Export L/C Advising)
- ပို့ကုန်ကြိုတင်ချေးငွေများ / ပို့ကုန်တင်ပို့ပြီးနောက်ချေးငွေထုတ်ချေးခြင်းဝန်ဆောင်မှု (Export Financing Service (Pre Shipment / Post Shipment))
သွင်းကုန်နှင့်ပတ်သက်သောဝန်ဆောင်မှုများ (Import Services)
- Letter of Credit ဖွင့်လှစ်ခြင်း (L/C Opening)
L/C ဖွင့်လှစ်ရာတွင် သင့်လျော်သော Marginal Deposit ကို လက်ခံဆောင်ရွက်ပေးပါသည်။ - Bill Handling – ဘီလ်လက်ခံဆောင်ရွက်ပေးခြင်း။
- ကောက်ခံရေးစနစ်အရပေးပို့သောဘီလ် – Bill Under Collection များကောက်ခံပေးခြင်း။
- Import Financing Credit Facility သွင်းကုန်လုပ်ငန်းအတွက်ငွေကြေးအထောက်အပံ့ပေးခြင်း။
- သွင်းကုန်လုပ်ငန်းအတွက် ငွေပေးချေခြင်းများ ဆောင်ရွက်ပေးပါသည်။
ဘဏ်အာမခံလုပ်ငန်း
- Business to Business (B2B) နှင့် Business to Government (B2G) တို့၏ ဖြစ်နိုင်ချေရှိသော ဆုံးရှုံးမှုကို လျှော့ချရန်အတွက် မြ၀တီဘဏ်မှ သင့်အတွက် တာဝန်ယူဆောင်ရွက်ပေးနေပါသည် –
- ဘဏ်အာမခံဖွင့်လှစ်ဆောင်ရွက်ခြင်း (Bank Guarantee Issuing)
- ထပ်ဆင့်အာမခံပြုလုပ်ခြင်း (Comfirmation)
- ကုန်ပစ္စည်းတင်ပို့ခြင်းအာမခံ (Shipping Guarantee)
- ဘဏ်အာမခံအကြောင်းကြားခြင်း (Bank Guarantee Advising)
နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု
- Trade Services
- Cash Management
- Fund Transfers
- FX Services
- Corporate
ပြည်တွင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှု
- အပ်ငွေလုပ်ငန်း
- ချေးငွေလုပ်ငန်း
- ငွေလွှဲလုပ်ငန်း
- ကဒ်ဖြင့် ပေးချေမှု
- အခြား ဝန်ဆောင်မှုများ
ဆက်သွယ်ရန်
ဖုန်း – (+၉၅)(ဝ၁) ၂၃၀၁၃၆၇၊ ၂၃၀၁၃၆၈၊ ၂၃၀၁၄၅၂၊ ၂၃၀၁၃၇၈၊ ၂၃၀၁၄၀၁၊ ၂၃၀၁၄၁၀၊ ၂၃၀၁၄၀၆
ဖက်စ်။ (+၉၅)(ဝ၁) ၂၃၀၁၃၉၅၊ ၂၃၀၁၄၅၀၊ ၂၃၀၁၄၀၂၊ ၂၃၀၁၄၂၂၊ ၂၃၀၁၄၂၃
လိပ်စာ။ အမှတ် (၁၅၁)၊ (၈) ရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။