တက္ကသိုလ် ပညာသင်ဆု အပ်ငွေစာရင်း
အသက် (၁၂) နှစ်အောက် ကလေးများအတွက် ကလေး၏ အမည်ဖြင့် မိဘ(သို့) အုပ်ထိန်းသူနှင့် တွဲဖက်ကာ စာရင်းဖွင့်လှစ်နိုင်သည်။
တက္ကသိုလ် ပညာသင်ဆုအပ်ငွေ စာရင်းအတွက် ငွေစုစာအုပ် (Passbook) ထုတ်ပေးပါသည်။
တစ်လလျှင် အနည်းဆုံး ကျပ် ၂၀၀၀/- မှ အများဆုံးကျပ် ၅၀၀၀၀/-အထိ လစဉ်ပေးသွင်းရပါမည်။
စာရင်းဖွင့် လျှောက်လွှာတွင် လစဉ်ပေးသွင်းမည့် ငွေပမာဏ ဖော်ပြရမည်ဖြစ်ပြီး ပေးသွင်းငွေ ပြောင်းလဲ၍မရပါ။
ငွေစုဘဏ်အတိုးနှုန်းအတိုင်း တစ်နှစ်လျှင် ၁၀.၇၅% ဖြင့် တွက်ချက်၍ (၃) လ တစ်ကြိမ် အတိုး ထည့်သွင်းပေးပါသည်။
တက္ကသိုလ်၀င်တန်း အောင်မြင်၍ ငွေထုတ်ယူ လိုကြောင်းတင်ပြလျှင် ငွေစုဘဏ် အတိုးနှုန်းအပြင် ငွေထုတ်ရန် တင်ပြသည့်နေ့ရှိ အတိုးအရင်းပေါင်း စာရင်းလက်ကျန်ပေါ်တွင် ထပ်ဆောင်း ချီးမြှင့်ငွေ ၃%(သို့) ယင်းအချိန်တွင် BOD မှ ခွင့်ပြုသည့် နှုန်းဖြင့် တွက်ချက်၍ ငွေထုတ်ပေးပါသည်။
တက္ကသိုလ်၀င်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့လျှင် ဂုဏ်ထူး (၁) ဘာသာလျှင် ကျပ် ၅၀,၀၀၀/- (ကျပ်-ငါးသောင်းတိတိ) ချီးမြှင့်ပေးပြီး (၅) ဘာသာ၊ (၆) ဘာသာဂုဏ်ထူး ရရှိသူများအား တက္ကသိုလ် ပညာသင်နှစ် အလိုက် (၁) နှစ်လျှင် (၁) ကြိမ် နှစ်စဉ် ကျပ်-၂၀၀,၀၀၀/-(ကျပ်-နှစ်သိန်းတိတိ) (ဒါရိုက်တာအဖွဲ့မှ ခွင့်ပြုသောပမာဏ) ဘွဲ့ရသည်အထိ ပညာသင် ထောက်ပံ့ကြေး ထုတ်ပေးပါသည်။ (ကျဆုံးသည့် ပညာသင်နှစ် မပါဝင်ပါ)
တက္ကသိုလ် ပညာသင်နှစ်တွင် ကျရှုံးလျှင် ထူးချွန် အောင်မြင်ခြင်းအတွက် ဘဏ်မှ နှစ်စဉ်ပေးသည့် ထောက်ပံ့ကြေးငွေ ရရှိမည်မဟုတ်ပါ။
အားသာချက်
- တက္ကသိုလ် ပညာဆည်းပူး နိုင်ရန် အထောက်အကူ ဖြစ်ပါသည်။
နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု
- Trade Services
- Cash Management
- Fund Transfers
- FX Services
- Corporate
ပြည်တွင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှု
- အပ်ငွေလုပ်ငန်း
- ချေးငွေလုပ်ငန်း
- ငွေလွှဲလုပ်ငန်း
- ကဒ်ဖြင့် ပေးချေမှု
- အခြား ဝန်ဆောင်မှုများ
ဆက်သွယ်ရန်
ဖုန်း – (+၉၅)(ဝ၁) ၂၃၀၁၃၆၇၊ ၂၃၀၁၃၆၈၊ ၂၃၀၁၄၅၂၊ ၂၃၀၁၃၇၈၊ ၂၃၀၁၄၀၁၊ ၂၃၀၁၄၁၀၊ ၂၃၀၁၄၀၆
ဖက်စ်။ (+၉၅)(ဝ၁) ၂၃၀၁၃၉၅၊ ၂၃၀၁၄၅၀၊ ၂၃၀၁၄၀၂၊ ၂၃၀၁၄၂၂၊ ၂၃၀၁၄၂၃
လိပ်စာ။ အမှတ် (၁၅၁)၊ (၈) ရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။