စာရင်းရှင် အပ်ငွေစာရင်း (Current Deposit Account)
ပုဂ္ဂိုလ်တစ်ဦးချင်း၊ တွဲဖက်၊ အဖွဲ့အစည်း (ပုဂ္ဂလိကလုပ်ငန်း၊ ကုမ္ပဏီ၊ ကော်ပိုရေးရှင်း၊ ကုန်တိုက်) စာရင်းများအား ဘဏ်တွင် စာရင်း ဖွင့်ထားသူနှစ်ဦး၏ ထောက်ခံချက်ဖြင့် စာရင်းဖွင့်လှစ်နိုင်သည်။
စာရင်းရှင် စာရင်းအပ်ငွေအတွက် ချက်လက်မှတ်စာအုပ် (Cheque Book ) ထုတ်ပေးပါသည်။
မြဝတီ ဘဏ်ခွဲများရှိ မည်သည့် ဒေသတွင် မဆိုငွေသွင်း / ငွေထုတ် / စာရင်းပြောင်းခြင်းများ ဆောင်ရွက် နိုင်ပြီး ကော်မရှင်ခကို ထုတ်ယူသည့် ပမာဏအလိုက် ငွေလွှဲခ နှုန်းထားအတိုင်း ကောက်ခံပါမည်။
ငွေထုတ်ခြင်း / စာရင်း ပြောင်းခြင်းများ ပြုလုပ်လိုလျှင် စာရင်းပိုင်ရှင် လက်မှတ်ရေး ထိုးထားသော ချက်လက်မှတ်အား ဘဏ်သို့ တင်ပြရပါမည်။
စာရင်းရှင် အပ်ငွေစာရင်းတွင် ငွေလက်ကျန် မလုံလောက်ပါက ငွေစုဘဏ် အပ်ငွေစာရင်း (သို့မဟုတ်) ခေါ်ယူအပ်ငွေစာရင်းမှ Auto Link စနစ်ဖြင့် အလိုအလျောက် စာရင်းပြောင်းရန် စာရင်းပိုင်ရှင်မှ ဘဏ်သို့ ညွှန်ကြားချက် ပေးထားနိုင်ပါသည်။
အခြား ပုဂ္ဂလိကဘဏ်များ၏ ချက်လက်မှတ်ဖြင့် မိမိတို့ မြဝတီဘဏ်စာရင်းသို့ စာရင်းပြောင်း ထည့်သွင်းခြင်း၊ မိမိတို့ မြဝတီဘဏ် ချက် လက်မှတ်ဖြင့်လည်း အခြားပုဂ္ဂလိက ဘဏ်များစာရင်းသို့ စာရင်းပြောင်း ထည့်သွင်းခြင်းတို့ကို စာရင်းရှင်းစနစ် (Clearing System) ဖြင့် ဆောင်ရွက်ပေးပါသည်။
ကနဦးအပ်ငွေ | ကျပ်- ၅,၀၀၀/- |
Current Deposit (Special Cash Only) | ကျပ်- ၁၀၀,၀၀၀/- |
အနည်းဆုံးထားရှိရမည့်လက်ကျန်ငွေ | ကျပ်- ၁,၀၀၀/- |
အားသာချက်
- အတိုး မရရှိသော်လည်း စာရင်းရှင်စာရင်းနှင့် ချိတ်ဆက်နိုင်သည့် စာရင်းများ (ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ) မှ အတိုးခံစား ခွင့်ရှိပါသည်။
- ငွေပမာဏ၊ အကြိမ်အရေအတွက် အကန့်အသတ်မရှိ အသွင်းအထုတ် ပြုလုပ်နိုင်ပါသည်။
- ငွေသားသယ်ဆောင်ရန် မလိုဘဲ ချက်လက်မှတ်ဖြင့် ငွေပေး၊ ငွေယူ ကိစ္စရပ်များကို အလွယ်တကူ ပြုလုပ်နိုင်ပါသည်။
- ဘဏ်ရှင်းတမ်း (Bank Statement) ထုတ်ပေးပါသဖြင့် မိမိစာရင်း၏ ငွေသွင်း၊ ငွေထုတ်အား တိကျမှန်ကန်စွာ သိရှိနိုင်ပါသည်။
နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု
- Trade Services
- Cash Management
- Fund Transfers
- FX Services
- Corporate
ပြည်တွင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှု
- အပ်ငွေလုပ်ငန်း
- ချေးငွေလုပ်ငန်း
- ငွေလွှဲလုပ်ငန်း
- ကဒ်ဖြင့် ပေးချေမှု
- အခြား ဝန်ဆောင်မှုများ
ဆက်သွယ်ရန်
ဖုန်း – (+၉၅)(ဝ၁) ၂၃၀၁၃၆၇၊ ၂၃၀၁၃၆၈၊ ၂၃၀၁၄၅၂၊ ၂၃၀၁၃၇၈၊ ၂၃၀၁၄၀၁၊ ၂၃၀၁၄၁၀၊ ၂၃၀၁၄၀၆
ဖက်စ်။ (+၉၅)(ဝ၁) ၂၃၀၁၃၉၅၊ ၂၃၀၁၄၅၀၊ ၂၃၀၁၄၀၂၊ ၂၃၀၁၄၂၂၊ ၂၃၀၁၄၂၃
လိပ်စာ။ အမှတ် (၁၅၁)၊ (၈) ရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။